Research blog

News

by SSEF, first published in Facette 20 (January 2013)Although pearls, as organic gems, are commonly less stable than polished gemstones, we don’t often see pearls with obvious features of surface damage as a result of unfortunate care.A few months ago, however, we received for...

ပုံ ၁။ ။ အမျိုးမျိုးသော ဆီဖြည့်စာများ ! Chantaburi ရှိ အရောင်းဆိုင်တွင်ခင်းကျင်းပြသထားသော ဆီဖြည့်စာများ။ (ဓါတ်ပုံ M.S. Krezemnicki, SSEF)ဤအကြောင်းအရာမှာ အမှန်တကယ်ပင်ရိုးရှင်းသော ကိစ္စဖြစ်ပေသည်။ အက်ကြောင်းများပါရှိသော မည်သည့် ကျောက်မျက်ရတနာအမျိုးအစားမဆို ၎င်းအက်ကြောင်းအရာများ လျော့ပါးစေရန်အတွက် ဖြည့်ဆီများကို အသုံးပြု၍ ဖာထေးပြုပြင်ကြသည်။ ပုံ(၁)တွင် Chantaburi ရှိ ဆိုင်တစ်ဆိုင်ရှိ ဖြည့်ဆီအမျိုးမျိုးကိုဖော်ပြထားသည်။ အံ့အားသင့်ဖွယ်ကောင်းသောအချက်မှာ မြကျောက်မျက်ရတနာများ (Emeralds) ဖြည့်ဆီဖြင့်ပြုပြင်မွမ်းမံခြင်းကို နားလည်လက်ခံသဘောပေါက်ကြသော်လည်း အခြားသောတွင်းထွက်ကျောက်မျက်ရတနာများဖြစ်ကြသည့် ပတ္တမြား၊ နီလာစသည့်ကျောက်မျက်ရတနာများကို ဖြည့်ဆီစသောအရာများဖြင့် ပြုပြင်ပြောင်းလဲထားသည်ဟု ကုန်သည်များကို ရှင်းပြသည့်အခါ ၎င်းတို့များစွာအံ့အားသင့်အထိတ်တလန့်ဖြစ်ကြသည်။ ၎င်းကဲ့သို့သော ပြုပြင်မွမ်းမံမှု့များကို ရှေးယခင် သမိုင်း...